ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ ဆေးရုံတက်လူနာများနှင့် ဒေသခံ ပြည်သူများအား အလှူငွေ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ ဆေးရုံတက်လူနာများနှင့် ဒေသခံ ပြည်သူများအား အလှူငွေ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

 
နေပြည်တော်၊ ဇူလိုင် - ၃၀

 
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer လူမှုအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့ နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ ကျန်းမာရေးဝန်ထမ်း များအား နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် အဖွဲ့ဝင်များက အဆိုပါဆေးရုံ၌ သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက်ကုသနေသောလူနာများအတွက် တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် အလှူရှင်များကစုပေါင်းလှူဒါန်းသည့် Mask နှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာ များအားလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက စက်သုံးဆီဂါလန် ၃၀၀၊ Mask ၂၀၀ ခု၊ ဆန်၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန် ပစ္စည်းများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်တို့ရှိ ပြည်သူအိမ်ထောင်စု ၁၃၀ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ဇလွန်မြို့နှင့် မအူပင် မြို့များရှိ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ လူနာများအတွက် အထောက်အကူပြုပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၅၀ စုံနှင့် စားသောက်ဖွယ်ရာများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့များကလည်းကောင်း၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီခဲ့သည့် လူမှုရေးအသင်း အဖွဲ့များအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းနှင့် အနောက်ပိုင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက တွေ့ဆုံပြီး လူမှုရေးအသင်းအဖွဲ့ ၃ ဖွဲ့အား တစ်ဖွဲ့လျှင် ငွေကျပ် ၁၀ သိန်းစီအား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နှင့် မဟာမြိုင်(၂)ရပ်ကွက်နေပြည်သူ အိမ်ထောင်စု ၂၀၀ စုတို့ အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။