ကျိုက္ခမြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းမျှောပိုက်လှေနစ်မြုပ်မှု ကြောင့်  လှေသားများအား ကူညီကယ်ဆယ်

ကျိုက္ခမြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းမျှောပိုက်လှေနစ်မြုပ်မှု ကြောင့်  လှေသားများအား ကူညီကယ်ဆယ်

နေပြည်တော်၊ စက်တင်ဘာ- ၂

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၁ ရက် နံနက် ၃ နာရီ ၅ မိနစ်တွင် ကျိုက္ခမီမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၃ မိုင်ခန့်အကွာသို့ အရောက်၌ ရေဝင်နစ်မြုပ်မှုဖြစ်ပေါ်နေသည့် ငါးဖမ်းမျှောပိုက်လှေငယ်တစ်စီးအား တွေ့ရှိသဖြင့် အဆိုပါလှေမှ လှေသား ၆ ဦးကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး သည်။
အဆိုပါ ငါးဖမ်းမျှောပိုက်လှေငယ်သည် သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေ၊ ဓမင်းဆိပ်ကျေးရွာနေ ဦးအထွန်း ပိုင်ဆိုင်သော လှေဖြစ်ပြီး ၎င်းလှေသည် လှိုင်းလေကြမ်းတမ်းသဖြင့် ရေဝင်နစ်မြုပ်ခဲ့ခြင်းရာ တပ်မတော်ရေယာဉ်မှ တပ်မတော် သားများက လှေသား ၆ ဦးကို လိုအပ်သည့် ကျန်းမာရေး  စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။