ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်းအာခါကျေးရွာ၌ မိုးရာသီချယ်ရီပင် စိုက်ပျိုးပွဲပြုလုပ်

ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်းအာခါကျေးရွာ၌ မိုးရာသီချယ်ရီပင် စိုက်ပျိုးပွဲပြုလုပ်

 

နေပြည်တော်၊ ဩဂုတ် - ၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်း အာခါကျေးရွာ၌ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ချယ်ရီပျိုးပင်များအား ဒေသခံတိုင်းရင်းသားပြည်သူများကို အသီးသီးပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ ချယ်ရီပျိုးပင် စုစုပေါင်း ၅၀၀ ပင်တို့ကို သတ်မှတ်နေရာအသီးသီး၌ စိုက်ပျိုးပေးကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ချယ်ရီပျိုးပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။