ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား မျက်နှာသစ်တော်ပြုလုပ်ခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် စွမ်းခမ်းစေတီတော်မြတ်ကြီး၌ ဆွမ်းဆန်စိမ်းလောင်းလှူ

နေပြည်တော်၊ မေ - ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည်ညို၍ မျက်နှာသစ်တော်ပြုလုပ်ခြင်း၊ ဆွမ်း ရေချမ်း၊ ဆီမီးများကပ်လှူခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဝတ္ထုငွေများ လှူဒါန်းကြသည်။

ထို့ပြင် ကျိုင်းတုံမြို့၊ စွမ်းခမ်းစေတီတော်မြတ်ကြီး၌ သံဃာတော် အပါး ၂၃၀ နှင့် သာသနာနွယ်ဝင်သီလရှင် ၂၄ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြုလုပ်ရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဆွမ်းဆန်စိမ်းနှင့် အလှူငွေများ လောင်းလှူခဲ့ကြ ကြောင်း သတင်းရရှိသည်။