ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက်နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက်နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်း တိုက်နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၌ ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ချုံနွယ်ပေါင်းမြတ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ‌ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။