ကျိုင်းတုံမြို့၊ ကောင်းမှူးခမ်းကျောင်းတိုက် ဦးစီးပဓာနနာယက ရှမ်းဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိဇေယျ၏ သက်တော်(၈၄)နှစ်ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲအလှူတော် မင်္ဂလာ ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ ကောင်းမှူးခမ်းကျောင်းတိုက် ဦးစီးပဓာနနာယက ရှမ်းဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိဇေယျ၏ သက်တော်(၈၄)နှစ်ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲအလှူတော် မင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ်- ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကောင်းမှူးခမ်းကျောင်းတိုက် ဦးစီးပဓာန နာယက ရှမ်းဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိဇေယျ၏ သက်တော်(၈၄) နှစ်ပြည့် ဝိဇာတမွေး နေ့ပူဇော်ပွဲ အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ယန်းကျိမ်အုပ်စု၊ ဝမ်တောင်းနမ့်ရွာ၊ စွမ်ဟိန်းစေတီတော် ပရိဝုဏ်အတွင်း၌ ပြုလုပ်ရာ ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား သိမ်ထွက်သိမ်ဆွမ်းများလောင်းလှူကြသည်။ ထို့နောက် မူဆယ်မြို့၊ လွယ်တိန်ခမ်း ထေရဝါဒသာသနာပြုကျောင်း ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာစရိယ၊ မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုခမိန္ဒ ထံမှ တိုင်းမှူးနှင့် တက်ရာက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဆရာတော်ကြီး၏ တပည့်တကာများက ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ အကျဉ်းကို ရွက်ဖတ်ပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနင့် တက်ရောက်လာကြသူများက လွယ်တိန်ခမ်းထေရဝါဒ သာသနာပြုကျောင်း ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။