ကျိုင်းတုံမြို့၊ ဓမ္မာစရိယစာသင်တိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကဿပ ၏ “ ဂုဏဝိသိဋ္ဌပူဇာသဘင်” အခမ်းအနား ပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၀

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဓမ္မာစရိယစာသင်တိုက်၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တကဿပ ၏ “ ဂုဏဝိသိဋ္ဌပူဇာသဘင်” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန် ထမ်းများနှင့် မြို့မိ/မြို့ဖ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဘွဲ့ခံဆရာတော် ဘဒ္ဒန္တ ကဿပ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးက ဆရာတော်ထံသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ မှ ဆက်ကပ်တော်မူသော သာသနာတော်ဆိုင်ရာ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာ တော်များထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။၎င်းနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။