ကျိုင်းတုံမြို့၊ ရှမ်းချယ်ရီပညာရေးပရဟိတဂေဟာ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ ပြုလုပ်

နေပြည်တော်၊ မေ - ၂၂
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရှမ်းချယ်ရီပညာရေးပရဟိတဂေဟာ ၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဂေဟာ၌ ပြုလုပ် ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပရဟိတဂေဟာရှိ တာဝန်ရှိသူ များနှင့် မြို့မိ၊ မြို့ဖများ၏ အကြံပြုချက်များနှင့် ကလေးငယ်များအတွက် ရေရှည် ဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြချင်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
    
ထို့နောက် တိုင်းမှူးက ဂေဟာရှိကလေးငယ်များအတွက် စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။