ကျိုင်းတုံမြို့၊ လွယ်လုံကျေးရွာအုပ်စု၊ ဓမ္မသုခတောရ ဝိပဿနာဓမ္မရိပ်သာ ကျောင်း တိုက် ဆရာတော်အား “ကမ္မဌာနာစရိယ”ဘွဲ့တံဆိပ်တော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်

နေပြည်တော်၊ မေ - ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လွယ်လုံကျေးရွာအုပ်စု၊ ဓမ္မသုခ တောရ ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ(ကမ္မဌာနာ စရိယ)အား “ဂုဏဝိသိဌပူဇာသဘင်” ဂုဏ်ပြုပူဇော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သံသရာအေး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြ ပြီး သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကာ “ကမ္မဌာနာ စရိယ” ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ ၏ “ထေရုပတ္တိ”ကို ဖတ်ကြား လျှောက်ထားကြသည်။

ထို့နောက် တိုင်းမှူးက ဓမ္မသုခတောရ ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သော သာသနာ ဆိုင်ရာ “ကမ္မဌာနာစရိယ”ဘွဲ့တံဆိပ်တော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ဆက်ကပ် လှူဒါန်းပြီး သံဃာတော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မသုခတောရ ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ(ကမ္မဌာနာ စရိယ)ထံမှ အနုမောဒနာတရား နာယူကြပြီး အောင်မြေဗောဓိရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတ ထံမှ ရေစက် သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။