ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချခြင်း စသည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြမည့် ပြည်ပနိုင်ငံများမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချခြင်း စသည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြမည့် ပြည်ပနိုင်ငံများမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဇူလိုင် - ၃၁

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါ ဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူ ခြင်းနှင့် ရေစက်ချခြင်း စသည့် မဟာမင်္ဂလာအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့် (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ မဟာမင်္ဂလာအခမ်းအနားများကို ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက် နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှားဖက်ဒရေးရှင်း၊ လာအို၊ သီရိလင်္ကာနှင့် အိန္ဒိယ နိုင်ငံတို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် ဆရာတော်အပါး ၇၀ ကျော်သည် လည်း ကြွရောက်ချီးမြှင့်တော်မူကြမည်ဖြစ်သည်။ မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်ရန် နေပြည်တော်သို့ ရောက်ရှိပြီး Jasmine Hotel ၌ ခေတ္တသီတင်း သုံးလျက်ရှိသည့် ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများအား ယနေ့မွန်းလွဲပိုင်းတွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များအား နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာ တော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့်  အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဆေကိန္ဒတို့က နိုင်ငံအသီးသီးမှ ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် တစ်နိုင်ငံချင်း သီးခြားစီ တွေ့ဆုံမိတ်ဆက်ပေးသည်။

ထို့သို့ တွေ့ဆုံမိတ်ဆက်ပေးစဉ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများ အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော် တင်လှူခြင်းနှင့်ရေစက်ချခြင်း စသည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက် ချီးမြှင့်တော်မူသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ဆရာတော်ကြီးများ အပြင် ဆရာတော်ကြီးများ၏ နိုင်ငံအသီးသီးမှ နိုင်ငံသူ၊ နိုင်ငံသားများကိုလည်း မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ရန်အတွက်လည်း ဖိတ်ခေါ်ပါ ကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဆရာတော်ကြီးများအနေဖြင့် စိတ် နှလုံးချမ်းမြေ့စွာဖြင့် သီတင်းသုံးတော်မူနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ထား ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံအသီးသီးမှ သာသနာတော်ပိုင် ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများကိုယ်တိုင် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူသည့် အတွက် သာသနာတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ပါ ကြောင်းဖြင့် လျှောက်ထားသည်။

လျှောက်ထားမှုများအပေါ် ကြွရောက်လာကြသည့် ပြည်ပနိုင်ငံများမှ ဆရာတော် ကြီးများ ယခုကဲ့သို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့်ရေစက်ချခြင်း စသည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်နိုင်ရေး ဖိတ်ကြားခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ခရီးစဉ် ကြွရောက်လာရသည့် အတွက် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး သာသနာတော် ဆိုင်ရာကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ ထိုင် တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုရသည့်အတွက်လည်း များစွာ ဂုဏ်ယူမိပါကြောင်းနှင့်  မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဗဟိုချက်မ ဖြစ်လာမည်ကိုလည်း ယုံကြည်မိပါကြောင်းဖြင့်  အသီးသီး ပြန်လည်မိန့်ကြားတော်မူ ကြသည်။

တွေ့ဆုံမိတ်ဆက်မှုများအပြီးတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကြွရောက်လာကြသည့် ပြည်ပနိုင်ငံ များမှ ဆရာတော်ကြီးများထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ပုံစံတူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများက ဓမ္မလက်ဆောင်များနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။ အလားတူ ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများနှင့်အတူ လိုက်ပါ လာသူများကလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအတွက် အလှူငွေများ၊ သင်္ကန်းတော်များနှင့် ဓမ္မလက်ဆောင်များကို ပေးအပ်လှူဒါန်းကြရာ ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က လက်ခံရယူခဲ့သည်။

အဆိုပါ ပြည်ပနိုင်ငံများမှ ကြွရောက်လာကြသည့် ဆရာတော်ကြီးများသည် ယနေ့ နေ့လည်ပိုင်းကလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ထားရှိမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက်အဦများ တည်ဆောက်ထား ရှိမှု၊ မုစလိန္ဒ နဂါးရုံဘုရားနှင့် ကျောက်စာရုံစေတီတော်များ တည်ထားကိုးကွယ်ထား ရှိမှုတို့ကို သွားရောက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။