ကျောက်ပန်းတောင်းမြို့အတွင်း လှည့်ကင်းဆောင်ရွက်ပေးလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအား အကြမ်းဖက်လူတစ်စုက ရန်ပြုတိုက်ခိုက်

 

ကျောက်ပန်းတောင်းမြို့အတွင်း လှည့်ကင်းဆောင်ရွက်ပေးလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအား အကြမ်းဖက်လူတစ်စုက ရန်ပြုတိုက်ခိုက်

နေပြည်တော်၊ မတ် - ၂၁
    
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးအနီးပတ်ဝန်းကျင်၌  မတ် ၂၀ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ပေးလျက်ရှိစဉ် အကြမ်းဖက်လူတစ်စုက ရန်ပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သည်တစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
    
ကျောက်ပန်းတောင်းမြို့နယ်သည် ပုဒ်မ-၁၄၄ ထုတ်ပြန်ထားပြီး ည ၈ နာရီ မှ နံနက် ၄ နာရီ အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်မြို့နယ်တစ်ခုဖြစ်သည်နှင့် အညီ ပြည်သူများလုံခြုံအေးချမ်းစွာဖြင့်အနားယူနိုင်ရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က နေ့ညမပျက် လှည့်ကင်းများဆောင်ရွက်ပေး လျက်ရှိ ပါသည်။ ထို့သို့ဆောင်ရွက်ပေးလျက် ရှိရာ မတ် ၂၀ရက် ည ၁၀နာရီ ခန့်တွင်  လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးအနီးပတ်ဝန်းကျင်လုံခြုံရေး အတွက်လှည့်ကင်းဆောင်ရွက်ပေးစဉ် မြို့နယ်စည်ပင်ရုံး အနီးဈေးလမ်း ၌ လူတစ်ဦးနှင့် ဆိုင်ကယ်တစ်စီးတွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးနေစဉ်လမ်း၏ ဆန့်ကျင်ဖက်အရပ်မှ လူနှစ် ဦးပါ ဆိုင်ကယ်တစ်စီး အရှိန်ပြင်း စွာမောင်းနှင်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး က တားဆီးခဲ့ရာရပ်တန့်မှုမရှိသည့်အပြင် တားဆီးသည့် စစ်သည်၏မျက်နှာအား တုံးသော လက်နက်ဖြင့် ရန်ပြုတိုက်ခိုက်ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းသို့ ရန်ပြုတိုက်ခိုက်ခဲ့ခြင်း ကြောင့် စစ်သည်တွင် ဦးခေါင်း၊ ဝဲဘက်မျက်လုံးနှင့် မျက်ခုံးတို့တွင် ပေါက်ပြဲဒဏ်ရာများ၊ နားနှစ်ဖက် သွေးထွက်ဒဏ်ရာများရရှိကာ ဆေးရုံသို့အချိန်မီ ပို့ဆောင်သော်လည်း ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင် အား ရိုက်နှက်ထွက်ပြေးသွားသော ဆိုင်ကယ်အား ဖမ်းဆီး ရမိရေး မြို့ဝင်^ထွက်လုံခြုံရေးဂိတ်များအား စစ်ဆေးဆောင်ရွက်စဉ်  ကျောက်ပန်းတောင်း မြို့၊ ပြည်တော်သာရပ်ကွက်၊ ကျောက်ပန်းတောင်း- ပုပ္ပါးသွားကားလမ်း၊ နဝရတ်ဘုန်းကြီး ကျောင်းရှေ့၌ အရှိန်ပြင်းစွာ စီးနင်းလာသော ဆိုင်ကယ်တစ်စီး အားတွေ့ရှိရာတားဆီး သော်လည်း ရန်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် အဓိကရုန်းလက်နက်ဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာစိစစ်ဆဲအမျိုးသားတစ်ဦးအား ဒဏ်ရာဖြင့်ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့သည်။ ဒဏ်ရာရသူ အမျိုးသားအား ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာလိုအပ်သည့်ဆေးဝါးကုသမှုများပြုလုပ်ပေးခဲ့သော်လည်း သေဆုံးသွား ခဲ့ ကြောင်း နှင့် သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ ဆက်စပ်တရားခံများဖော်ထုတ်ဖမ်းဆီး နိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းတို့က ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။