ကျောင်းကုန်းမြို့နှင့် ငပုတောမြို့များရှိ ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ကျောင်းကုန်းမြို့နှင့် ငပုတောမြို့များရှိ ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နှင့် ငပုတောမြို့များရှိ ပြည်သူ့ဆေးရုံ များ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆေးရုံများအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။