ကျောင်းကုန်းမြို့အတွင်းရှိ လေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်၊ ဆန်၊ ဆီ၊ ဆား၊ ပဲများ ထောက်ပံ့ပေးအပ်

ကျောင်းကုန်းမြို့အတွင်းရှိ လေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်၊ ဆန်၊ ဆီ၊ ဆား၊ ပဲများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၄
    
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့အတွင်း စက်တင်ဘာ ၂၃ ရက် နေ့လယ် ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းကုန်းမြို့၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဖျံတွင်းကျေးရွာ၊ ပိန်းချောင်ကျေးရွာ၊ ဆိပ်သာကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာနှင့် ပန်းတောရိုးကျေးရွာအုပ်စု၊ ကြိုးကြာချောင်ကြီးကျေးရွာတို့၌ စာသင်ကျောင်းများနှင့် နေအိမ်များ အမိုးလန်ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ ယနေ့ တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
    
ထိုသို့ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍  လေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။