ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်ငါးဖမ်းလှေ ၁ စီးအား ဖမ်းဆီး ရမိ နေပြည်တော် ၊ မတ် - ၂၁ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မတ် ၂၀ ရက် ည ၉ နာရီခွဲခန့်တွင်

 

ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်ငါးဖမ်းလှေ ၁ စီးအား ဖမ်းဆီး ရမိ 

နေပြည်တော် ၊ မတ် - ၂၁ 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မတ် ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် ကျွန်းစု မြို့၏ အရှေ့မြောက်ဘက် ရေမိုင် ၁၃ မိုင်ခန့်အကွာသို့အရောက်၌ တရွတ်ဆွဲပိုက် အသုံးပြု၍ ငါးခိုးဖမ်းနေသည့် အလျား ၃၇ ပေ ၆ လက်မ၊ အနံ ၇ ပေ၊ ရေစူး ၂ ပေ ၆ လက်မခန့်ရှိ တရားမဝင်ငါးဖမ်းလှေပေါ်မှ အမျိုးသား ၃ ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါ ဖမ်းဆီးရမိသူများနှင့် ငါးဖမ်းလှေတို့အား မြိတ်မြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။