ခိုးယူခံရသော နှစ် ၁ဝဝဝ သက်တမ်းရှိ ရှေးဟောင်း ပစ္စည်းနှစ်မျိုးကို အမေရိကန်က ထိုင်းနိုင်ငံသို့ ပြန်ပေးအပ်

ဗီယက်နမ်စစ်ပွဲ ကာလအတွင်း ထိုင်းနိုင်ငံမှ ခိုးယူခံရသော နှစ် ၁ဝဝဝ သက်တမ်းရှိ   ရှေးဟောင်း သဲကျောက်ရုပ်နှစ်ခုကို အမေရိကန်အစိုးရက ထိုင်းအစိုးရထံသို့ မေ ၂၈ ရက်ညပိုင်းတွင် ပြန်လည်ပေးအပ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဟိန္ဒူနတ်များဖြစ်သော အင်ဒရာနှင့် ရာမတို့၏ပန်းပုရုပ်များ ပါဝင်သည့် ထိုရှေးဟောင်း ပစ္စည်းများသည် ၁ဝ ရာစု သို့မဟုတ် ၁၁ ရာစုနှောင်းပိုင်း လက်ရာဖြစ်ပြီး ဆန်ဖရန်စစ္စကိုရှိ အာရှအနုပညာပြတိုက်၌ ဆယ်စုနှစ်ပေါင်း များစွာကြာ   ပြသထားခြင်းဖြစ်သည်။

မေ ၂၈ ရက်ညတွင်    ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့်  ထိုရှေးဟောင်းပစ္စည်းများကို   အထူးအခမ်းအနား ကျင်းပပြီး နောက် ဇွန် ၁ ရက်မှစ၍ အမျိုးသားပြတိုက်၌ သုံးလကြာ ခင်းကျင်းပြသမည်ဖြစ်သည်။

ထိုပစ္စည်းများသည် ရှေးဟောင်းခမာ ဘုရင့်နိုင်ငံ၏      အရှိန်အဝါ လွှမ်းမိုးမှုကို ဖော်ကျူးကြောင်းနှင့် ရှေးခေတ်ကမ္ဘောဒီးယား ဘုရားကျောင်း တည်ဆောက်ပုံများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း  ထိုင်းအနုသုခုမ ပညာဌာနမှ  ညွှန်ကြားရေ းမှူးချုပ် ပရာတိပန်တာကိုက ပြောသည်။

အမေရိကန်နိုင်ငံရှိ ပြတိုက်နှင့်ပြခန်းများတွင် ထိုသဲကျောက်ရုပ်များ အပါအဝင် ထိုင်းရှေးဟောင်းပစ္စည်း ၁၃၃ ခုကို ခင်းကျင်းပြသထားသည်။

ထိုရှေးဟောင်းပစ္စည်းများ ပြန်လည်ရရှိမှုသည်   ထိုင်းအစိုးရနှင့် ပြည်သူများအတွက်  သမိုင်းတစ်လျှောက် အပြင် ရှေးဟောင်းသုတေသနနှင့်   ယဉ်ကျေးမှု အတွက် ကောင်းမွန်သော အရေးပါမှုဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။