ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာရုံပရိယတ္တိစာ သင်တိုက်နှင့် အောင်မြေသာစံ မြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်သို့ Mask များနှင့် Hand Gel များ ဆက်ကပ်လှူဒါန်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၃

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာရုံပရိယတ္တိစာ သင်တိုက်နှင့် အောင်မြေသာစံမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှ သံဃာတော်များအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ဖူးမြော်၍ Mask ၂၀၀၀ ခုနှင့် Hand Gel ၉၅ ဗူးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ရှိ လူစည်ကားရာ ဘုရား စေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဌာန ဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask  ၅၀၀၀ ခုကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။