ချောင်းဆုံမြို့ပြည်သူ့ဆေးရုံကြီး၌ အောက်ဆီဂျင်အိုးများနှင့် စားသောက်ဖွယ်ရာ များပေးအပ်လှူဒါန်း

ချောင်းဆုံမြို့ပြည်သူ့ဆေးရုံကြီး၌ အောက်ဆီဂျင်အိုးများနှင့် စားသောက်ဖွယ်ရာ များပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၂

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများမှ စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင်အိုး ၁၀ လုံး၊ အောက်ဆီဂျင် Regulator ၁၀ ခုနှင့် စားသောက်ဖွယ်ရာများအား တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။