ချောင်းဦးမြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ချောင်းဦးမြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

 
နေပြည်တော်၊ ဩဂုတ် - ၁၃

 
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရှိ မုံရွာ-မန္တလေးကားလမ်းဘေးဝဲယာတို့ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် လိုအပ်သည့်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။