ခွေးဟောင်သံကိုဘာသာပြန်ပေးမည့်လည်ပတ် တောင်ကိုရီးယားတီထွင်

ခွေးဟောင်သံကိုဘာသာပြန်ပေးမည့်လည်ပတ် တောင်ကိုရီးယားတီထွင်
ဆိုး၊ နည်းပညာ
တောင်ကိုရီးယားနိုင်ငံမှ  တက်သစ်စနည်းပညာကုမ္ပဏီတစ်ခုက ခွေးဟောင်သံကိုဘာသာပြန်ပေးမည့်    ခွေးလည်ပတ် တစ်မျိုးကို  တီထွင်ဖန်တီးလိုက်ကြောင်းသိရသည်။အဆိုပါခွေးလည်ပတ်သည်  အသံမှတ်သားမှုနည်းပညာကိုအသုံးပြုခြင်းဖြင့် ခွေးဟောင်သံများကိုစောင့်ကြည့်ပြီး ထိုခွေးများ၏စိတ်ခံစားမှုအခြေအနေငါးမျိုးကို  သိရှိနိုင်သည်။

ဏနအစကူျ ကုမ္ပဏီထုတ် အဆိုပါလည်ပတ်သည်  ခွေး၏စိတ်ခံစားမှုအခြေအနေများဖြစ်သော  ပျော်ရွှင်မှု၊ အပန်းဖြေမှု၊ စိုးရိမ်ပူပန်မှု၊  စိတ်ဆိုးမှုနှင့်  ဝမ်းနည်းမှုတို့ကို စမတ်ဖုန်းမှတစ်ဆင့် ခွေးပိုင်ရှင်ထံသို့ အသိပေးမည်ဖြစ်သည်။ ထို့ပြင် ခွေး၏လှုပ်ရှားမှုများကိုလည်းစောင့်ကြည့်နိုင်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည်   ၂၀၁၇ ခုနှစ်မှစ၍ ခွေးဟောင်သံများကို သုတေသနပြုလေ့လာမှုများနှင့်အတူ   အချက်အလက် များစုဆောင်းခဲ့ခြင်းဖြစ်သည်။သုံးနှစ်ကြာပြီးချိန်တွင်   ကုမ္ပဏီအနေဖြင့် ခွေးအမျိုးအစားပေါင်း ၅၀ ကျော်မှ ခွေးဟောင်သံနမူနာပေါင်း ၁၀၀၀၀ ကျော်ဖြင့် ဒေတာဘေ့(စ်)တစ်ခုဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလည်ပတ်သည်   ခွေးများ၏စိတ်ခံစားမှုအခြေအနေများကို  မှတ်သားသိရှိနိုင်မှုမှာ ၉၀ ရာခိုင်နှုန်းအထိ တိကျမှု ရှိကြောင်း    ဆိုးအမျိုးသားတက္ကသိုလ်ကပြောထားကြောင်း သိရသည်။