ဂင်္ဂါမြစ်ရေကြီးမှုကြောင့် ကမ်းနံဘေး၌မြှုပ်ထားသည့်အလောင်းများ ပြန်ပေါ်လာ

နယူးဒေလီ၊ ပြည်တွင်းရေး

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသူများကို ဂင်္ဂါမြစ်ကမ်းနံဘေး တွင်မြှုပ်နှံထားရာ အဆိုပါမြစ်ရေကြီးမှုကြောင့် ထိုအလောင်းများ ပြန်ပေါ်လာကြောင်းသိရသည်။ ထိုသို့ပြန်ပေါ်ပြီးနောက် မြစ်ရေကြီးမှုနှင့်အတူမျောပါလာသည့်အလောင်း ၁၅၀နီးပါးကို မီးသင်္ဂြိုဟ်လိုက်ရကြောင်း နိုင်ငံ မြောက်ပိုင်းရှိ အလာဟာဘက်မြို့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ မျောပါလာသည့် အလောင်း အများစုသည် နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်ပြီး ဆေးရုံများ၌လူနာများဖြင့် ပြည့်နှက်နေသည့် ဧပြီလနှင့်မေလအတွင်း သေဆုံးသူများဖြစ်နိုင်

သည်။ အဆိုပါသေဆုံးသူများ၏ မိသားစုဝင်အချို့သည် အလောင်းများကို ဟိန္ဒူရိုးရာ အတိုင်းမီးသင်္ဂြိုဟ်ရန် ထင်းများမရှိသည့်အတွက် ဂင်္ဂါမြစ်အတွင်းမျှောခြင်း သို့မဟုတ် ကမ်းနံဘေး၌ မြှုပ်နှံခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်သည်။ ရေစီးနှင့်အတူမျောပါလာ၍ မီးသင်္ဂြိုဟ်လိုက်ရသည့် အလောင်းအရေအတွက်စုစုပေါင်းသည် အိန္ဒိယနိုင်ငံ၌ ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက် သည်တရားဝင်ထုတ်ပြန်ထားသည့် လေးသိန်းနီးပါးမဟုတ်ဘဲ တစ်သန်းကျော်နိုင်သည်ဟု သံသယ ဖြစ်စေကြောင်းသိရသည်။