ဂါနာလွှတ်တော်၌ အာဏာရနှင့်အတိုက်အခံပါတီတို့ကြား တိုက်ခိုက်မှုဖြစ်ပွား စစ်သည်များ ဝင်ရောက်ဖျန်ဖြေ

 

ဂါနာ၊ နိုင်ငံရေး

ဂါနာစစ်သည်များသည်   သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုမှုမပြုလုပ်မီ ဒီဇင်ဘာ ၆ ရက် ညတွင်   လွှတ်တော် အတွင်း၌ လက်ရှိအာဏာရပါတီနှင့် အတိုက်အခံပါတီတို့ကြား တိုက်ခိုက်မှုဖြစ်ပွားခြင်းကြောင့်  ကြားဝင်ဖျန်ဖြေမှုများ လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။

ဂါနာလွှတ်တော်၌   လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် မဲပေးစဉ်အတွင်း အာဏာရ ပါတီမှဒုတိယဝန်ကြီး တစ်ဦးက လျှို့ဝှက်မဲပုံးကို လုယူရန်ကြိုးပမ်းစဉ်မှစ၍ တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။

စစ်သည်များကြားဝင်ဖျန်ဖြေသည့် အချိန်ထိတိုင်အောင်    ပါတီနှစ်ခုကြား တိုက်ခိုက်မှုဆက်လက် ဖြစ်ပွားနေကြောင်းနှင့် ထိုတိုက်ခိုက်မှုသည် နာရီပေါင်းများစွာကြာကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား သတင်းဌာန ကထုတ်ပြန်သည်။

ယခုမှအသစ်ဖွဲ့စည်းထားသည့် လွှတ်တော်တွင် အင်အားကြီးပါတီနှစ်ခုကြား ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် လွှတ်တော်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကိစ္စအပါအဝင် အခြားသော စီးပွားရေးဆိုင်ရာ အရေးကြီးကိစ္စများ ဖြေရှင်းမှုအတွက် အကျပ်အတည်းနှင့် ရင်ဆိုင်ရကြောင်းသိရသည်။

လက်ရှိသမ္မတ နာနာအကူဖိုအက်ဒိုသည် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌     ထပ်မံအနိုင်ရရှိခဲ့ပြီး  ဇန်နဝါရီ ၇ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင်အနိုင်ရသည့် မျိုးချစ်ပါတီအသစ်သည် လွှတ်တော်အတွင်းရှိ  အမတ် ၂၇၅ နေရာအနက် ၃၂ နေရာကို ရှုံးနိမ့်ထားကြောင်းသိရသည်။

Ref:TST