ဂီနီနိုင်ငံ၌ ၂၀၁၆ ခုနှစ်နောက်ပိုင်း အီဘိုလာရောဂါကြောင့် ပထမဆုံးသေဆုံးသူ သုံးဦးထွက်ပေါ်လာ

ကွန်နာခရီ၊ ကျန်းမာရေး

ဂီနီနိုင်ငံ၌   ၂၀၁၆ ခုနှစ်နောက်ပိုင်း အီဘိုလာရောဂါကြောင့် ပထမဆုံးသေဆုံး သူသုံးဦးထွက်ပေါ်လာကြောင်း ကျန်းမာရေးဝန်ကြီး ဗိုလ်မှူးကြီးရမ်မီလာမာက ပြောသည်။

လက်ရှိအချိန်တွင်    နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော အန်ဇာရာကိုးမြို့ရှိ   ကူးစက်ရောဂါကုသရေး ဌာန၌ အီဘိုလာရောဂါဖြင့် တက်ရောက်ကုသမှုခံယူနေသူ သုံးဦးရှိကြောင်းနှင့် သုံးဦးသေဆုံး ထားကြောင်း ၎င်းက ဖေဖော်ဝါရီ ၁၃ ရက် တွင်ပြောသည်။

အဆိုပါလူနာများအားလုံးသည် အန်ဇာ ရာကိုးမြို့မှ ၂၈ မိုင်ခန့်အကွာ ဂူအီကေမြို့မှ ဖြစ်ကြောင်းနှင့် ယခုအခါ ကွန်နာခရီမြို့၌ အသေးစိတ်စစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။ အီဘိုလာ ရောဂါသည် ၂၀၁၆ ခုနှစ်တွင် ကင်းစင်သွားပြီဖြစ်သော်လည်း အကင်းမသေသေးဘဲ ယခုမှပြန်လည်ဖြစ်ပွားနေ ခြင်းဖြစ်သည်။

ယခုသီတင်းပတ် အစောပိုင်းတွင်လည်း အီဘိုလာရောဂါ နောက်တစ်ကျော့ဖြစ်ပွားနေသည့် ကွန်ဂိုဒီမို ကရက်တစ် သမ္မတနိုင်ငံသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်ရကြောင်း သိရသည်။

Ref: Sputnik