ဂူအမ်ကျွန်းက ခရီးသွားလာရောက်သူများကို ကာကွယ်ဆေး ထိုးပေးမည်

အမေရိကန်နိုင်ငံပိုင်နက် တစ်ခုဖြစ်သော ဂူအမ်ကျွန်းအနေဖြင့် အခက်အခဲနှင့် ရင်ဆိုင် နေရသော ခရီးသွားလုပ်ငန်းကို ပြန်လည် စတင်ရန်ကြိုးပမ်းချက်အဖြစ် ထိုကျွန်းသို့ ခရီးသွားလာရောက်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုအစီအစဉ်သည် အဓိကအားဖြင့် အာရှ ပစိဖိတ်ဒေသရှိ အမေရိကန်နိုင်ငံသား မဟုတ် သူများကို ရည်ရွယ်ထားသော်လည်း နိုင်ငံသားများ အနေဖြင့် ပါဝင်လိုက ပါဝင်နိုင်သည်။

ဂူအမ်ကျွန်းတာဝန်ရှိသူများ အနေဖြင့် ဒေသခံပြည်သူများကို ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးပေးထားနိုင်သည့် အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ကို ထိန်းချုပ်ထားနိုင်သည်။

ထို့ပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို  ထိန်းချုပ်ထားနိုင်ခြင်းက ကာကွယ်ဆေးထိုးနှံမှု ခံယူမည့် ခရီးသွားများကို လာရောက်ရန် ဆွဲဆောင်သောနေရာဖြစ်လာစေကြောင်း ခရီးသွားသူများ အဖွဲ့မှ ဥက္ကဋ္ဌ ကားဂူတီယာရတ်က ပြောသည်။

ဂူအမ်အုပ်ချုပ်ရေးမှူးက အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် သီတင်း ပတ်တွင် အပြီးသတ်ကာ လာမည့်လအစောပိုင်းမှစ၍ ကွာရန်တင်း စည်းမျဉ်းများကို လျှော့ပေါ့ပေးသွားမည်ဖြစ်သည်။

ကျန်းမာရေးဌာန၏ လုပ်ထုံးလုပ်နည်း များအရ ခရီးသွားများအနေဖြင့် ဂူအမ်သို့ ရောက်ရှိပြီးနောက် ကိုယ့်စရိတ်ကိုယ်ရှင်း ရသည့်နေရာ၌ ခုနစ်ရက်ကြာ ကွာရန်တင်း ဝင်ရကြောင်း သိရသည်။       

  Ref: CNA