ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအရေအတွက် အရှိန်အဟုန်ဖြင့်မြင့်တက်

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအရေအတွက် အရှိန်အဟုန်ဖြင့်မြင့်တက်

တိုကျို၊ ကျန်းမာရေး

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက် စံချိန်တင် မြင့်တက် နေစဉ်  နိုင်ငံအတွင်း ထိုရောဂါဖြစ်ပွားမှုသည် အရှိန်အဟုန်ဖြင့်မြင့်တက်နေကြောင်း ဂျပန်အစိုးရက သြဂုတ် ၄ ရက်တွင်သတိပေးထားသည်။

ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးသည် ယခင်မမြင်ဖူးသော ကူးစက်ပျံ့နှံ့နှုန်း ကိုဖြစ်ပေါ်စေကြောင်း ကျန်းမာရေးဝန်ကြီး နိုဟီရီဆာတာမူရာကပြောသည်။

ရောဂါလက္ခဏာ မပြင်းထန်သော လူနာများအနေဖြင့် ဆေးရုံတက်ရောက်ကုသမှု ခံယူခြင်းထက် နေအိမ်၌သာသီးသန့်ခွဲ၍ နေထိုင်ရန် တိုက်တွန်းထားသောမူဝါဒကို ၎င်းက ကာကွယ်ပြောဆိုထားခြင်းဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါသည် နောက်တစ်ဆင့်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်   လူနာခုတင် လုံလောက်မှုမရှိပါက ဆေးရုံသို့လူနာများ တက်ရောက်ခွင့်ပေးနိုင်မည် မဟုတ်သောကြောင့် ကြိုတင်လက်ဦးမှု ယူလုပ်ဆောင်နေကြောင်း ကျန်းမာရေးဝန်ကြီးက လွှတ်တော်တွင်ပြောသည်။

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအရေအတွက် မြင့်တက်လာလျက်ရှိရာ သြဂုတ် ၄ ရက်တွင် အိုလံပစ်အားကစား ပွဲတော်လက်ခံကျင်းပနေသည့် တိုကျိုမြို့တစ်မြို့တည်း၌ ရောဂါဖြစ်ပွားသူ ၄၁၆၆ ဦးရှိကြောင်းသိရသည်။

Ref: AOL