စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှင်သာမဏေ ၂ ပါးဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှင်သာမဏေ ၂ ပါးဒဏ်ရာရရှိ

နေပြည်တော်၊ မေလ ၂၀

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မြို့နယ်အချို့၌ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက် ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် ခြင်းများကို စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ မေ ၁၉ ရက် ညနေ ၅ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ နန်းသီတာကျေးရွာရှိ ပေလန်းကျောင်းတိုက်အတွင်းသို့ PDF အမည်ခံအကြမ်းဖက် အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းတိုက်ရှိ ရှင်သာမဏေ ၂ ပါးဖြစ်သော ရှင်ဝါသဝ(ခ) မောင်ငွေဇင်အောင် (၁၄)နှစ် (ဘ)ဦးမြင့်အောင်နှင့် ရှင်သီလိန္ဒ (ခ)မောင်ဟိန်းထက်အောင် (၈)နှစ် (ဘ)ဦးတိုးတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ရာ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသမှုခံယူစေလျက်ရှိှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ရှင်သာမဏေငယ်များအား ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်း များနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။