စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ဖောက်ခွဲရေးလုပ်ရပ်များတွင် အသုံးပြုရန်ရည်ရွယ် ပြုလုပ်ထားသည့် ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၂၉
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ဖောက်ခွဲရေးလုပ်ရပ်များတွင် အသုံးပြုရန်ရည်ရွယ် ပြုလုပ်ထားသည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်း မြို့နယ်၊ တောလည်ကျေးရွာရှိ စိုင်ပြင်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဇော်ထွန်း(၅၀)နှစ် (ဘ) ဦးဝင်းမောင် ပိုင်ဆိုင်သော လူနေထိုင်ခြင်းမရှိသည့် နေအိမ်တဲ၌ ဖောက်ခွဲဖျက်ဆီးရေးတွင် အသုံးပြုရန် ရည်ရွယ်ပြု လုပ် ထားသော ပစ္စည်းများရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရှာ ဖွေခဲ့ရာ အဆိုပါတဲ၏အနောက်ဘက် ပေ ၅၀ ပေခန့်အကွာရှိ သစ်ပင်အောက်ရှိ ဆာလာအိတ် အတွင်းမှ လက်လုပ်ဗုံး ၃၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
    
သိမ်းဆည်းရမိသော ပစ္စည်းများနှင့်ပတ်သက်၍ ပြုလုပ်ထားသူများနှင့် ပူးပေါင်းပါဝင် ပတ်သက်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်‌ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။