စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊  မြင်းခြံမြို့တို့တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအား ဖြိုခွဲထိန်းသိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊  မြင်းခြံမြို့တို့တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအား ဖြိုခွဲထိန်းသိမ်း

နေပြည်တော်၊ မတ် - ၂၁
    
ဆူပူအကြမ်းဖက်သူများကအများပြည်သူအသုံးပြုလျက်ရှိသောလမ်းမကြီးများ၊ လမ်းသွယ်များ အား အတားအဆီးများဖြင့် ပိတ်ဆို့ တားဆီးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် သွားလာမှုများတွင် အခက်ခဲများဖြစ်ပေါ် လျက်ရှိသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများ ရှင်းလင်းဖယ်ရှားရေး နှင့် လမ်းများပြန်လည်အသုံးပြုနိုင်ရေးတို့အတွက် လူအင်အား၊ ယာဉ်/ယန္တရား အင်အားတို့ဖြင့် နေ့စဉ် ဆောင်ရွက်လျက်ပေးလျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်ပေးလျက်ရှိစဉ် မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ဗိုလ်တေဇလမ်းနှင့် မေတ္တာလမ်းဆုံတွင် ဆူပူအကြမ်းဖက်သူ အင်အား ၂၅၀ ဦးခန့်က လမ်းမကြီးအား အတားအဆီးများဖြင့်ပိတ်ဆို့၍အများပြည်သူသွားလာရေးကိုနှောင့်ယှက်လျက်ရှိ ကြောင်း  သိရှိရဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အခြေအနေအား ထိန်းသိမ်းဖြေလျော့ရန်  သွားရောက်ဆောင်ရွက်ပေးသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များကဆူပူအကြမ်းဖက်သူများအတားဆီးများမပြုလုပ်ရေးနှင့် လူစုခွဲပေးရေး ဥပဒေနှင့်အညီ ညှိနှိုင်းဖြေလျော့ခဲ့သော်လည်း ဆူပူအကြမ်းဖက်သူများက လိုက်နာမှုမရှိဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အသက်အန္တရာယ်ထိခိုက်စေနိုင်သည်အထိ ဂက်(စ်)သေနတ်၊ လေးဂွ၊ ဂျင်ကလိ၊ မှိန်း၊ ဓာတ်ဆီပုလင်း၊ မီးရှူးမီးပန်း၊ ဗျောက်အိုးများဖြင့်  အကြမ်းဖက်ရန်ပြုတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရသည်။
 ဆူပူအကြမ်းဖက်သူများကိုလူစုခွဲခဲ့ရာတွင်လူအုပ်စုအတွင်းမှ အမျိုးသား ၁ ဦး မှာထိခိုက် ဒဏ်ရာ များရရှိကာ သေဆုံးခဲ့ကြောင်းနှင့် ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်း ရေးဖွင့်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မတ် ၂၁ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၁၀၆ လမ်း၊ (၅၂ လမ်းနှင့် ၅၃ လမ်း)ကြား၌ ဆူပူအကြမ်းဖက်သူ လူစုလူဝေး ၁၅၀ ဦးခန့်သည် အတားအဆီးများဖြင့် လမ်းပိတ်ဆို့ခြင်း၊ အော်ဟစ်ဆူပူဆဲဆိုခြင်းများပြုလုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂျင်ကလိ၊ လေးခွ၊ မီးကွင်းများ၊ လက်လုပ်သေနတ်များဖြင့် အရက်မူးရူးခြင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲထားခြင်း စသည့်ပုံသဏ္ဍန်များဖြင့် အသိဉာဏ် ဆင်ခြင်တုံတရားကင်းမဲ့စွာ အကြမ်းဖက်ပစ်ခတ်ခြင်းများ ပြုလုပ်၍ ရန်ပြုတိုက်ခိုက်ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအား ဉပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များအား လုယူ ရန်အထိ ကြံရွယ်ဆောင်ရွက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရာ ဆူပူအကြမ်းဖက်သူများအနက်မှ အမျိုးသား ၁ ဦးဒဏ်ရာရသေဆုံးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သေဆုံးမှုအတွက် ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ  မန္တလေးတိုင်းဒေသကြီး၊ အောင်ပင်လယ်ရပ်ကွက်၊ ထွန်တုံးရပ် ကွက်နှင့်အောင်မြေ သာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်များနှင့်မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယနေ့နံနက် ပိုင်းတွင် အများပြည်သူ သွားလာရေးအဆင်ပြေစေရန် လမ်းများပေါ်ရှိ အတားအဆီးများကို  လူအင်အား၊ ယာဉ်/ယန္တရား အင်အားတို့ဖြင့် ရှင်းလင်းမှုများ ဆောင်ရွက်ပေးစဉ် ဆူပူအကြမ်းဖက်သူ များက  မီးပုလင်းများပစ်ပေါက်ခြင်း၊ တုတ်၊ ဓား၊ ဂျင်ကလိ၊ လေးခွများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့် ဖြေလျှော့ရှင်းလင်းခဲ့ပြီး အကြမ်း ဖက်မှုတွင် ပါဝင်ပတ်သက်သူ အမျိုးသား ၃၀ ဦးအား ခေတ္တထိန်းသိမ်းခဲ့ပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။