စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲကင်းစခန်းအား မသမာသူတချို့က မီးကွင်းပစ်ခတ်၊ ကျွန်းလှ-ကောလင်း ကားလမ်းပေါ်ရှိ ဒေါင်းမြူးချောင်းကူးတံတား အား မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲကင်းစခန်းအား မသမာသူတချို့က မီးကွင်းပစ်ခတ်၊ ကျွန်းလှ-ကောလင်း ကားလမ်းပေါ်ရှိ ဒေါင်းမြူးချောင်းကူးတံတား အား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ်လ ၁၇

ပြည်သူလူထု၏ အေးချမ်း သာယာစွာ နေထိုင်စားသောက်မှုကို မလိုလားသည့် မသမာသူ တို့ အနေဖြင့် နောက်ကွယ်မှ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့လူအုပ်စုများ ရောက်ရှိ အောင်ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင်ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာအကြမ်းဖက်မှုများနှင့်ရဲတပ်ဖွဲ့စခန်းများသို့ စီးနင်း ဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်း၊ မီးရှို့ခြင်း များ ကိုတစ်နေ့တစ်ခြားပိုမိုတိုးမြှင့်လုပ်ဆောင်လာ သည်ကိုတွေ့ရှိရပါသည်။

 ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ မတ် ၁၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်ရစ်နယ်မြေရဲကင်းစခန်း အား အကြမ်းဖက်သူတစ်ဦးက ခြံစည်းရိုးအပြင်ဘက်မှ ဓာတ်ဆီဆွတ်ထားသည့် မီးကွင်းဖြင့် ပစ်ခတ်မီးရှို့ ခဲ့သည်။ ထိုသို့လုပ်ဆောင်လာသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ ရာ မီးကွင်းလာရောက်ပစ်ခတ်သူ ကျောက်ရစ်ကျေးရွာနေ မြင့်ဇော်ဦး၊ ၃၉ နှစ်၊ (ဘ) ဦးငွေဌေး အား ဖမ်းဆီးရမိခဲ့ပြီး တရားဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

ယနေ့ နံနက် ၁ နာရီခန့်တွင်လည်း ကျွန်းလှမြို့နယ်၊ ကျွန်းလှ-ကောလင်း ကားလမ်းမိုင်တိုင် အမှတ် ၃၄ နှင့် ၃၅ ကြားရှိ ဒေါင်းမြူးချောင်း သစ်သားဘေလီတံတားအား တုတ်၊ ဓားများ ကိုင် ဆောင်ထားသော မသမာသူလူတစ်စုက ကားတာယာများ၊ အမှိုက်များဖြင့် စုပုံမီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။ ထိုသို့ မီးရှို့မှုကြောင့် တံတားကြမ်းခင်းနှင့် သစ်သားဘောင်များ မီးလောင် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရနိုင်တော့သဖြင့် ကန့်ဘလူခရိုင် လမ်းဦးစီးဌာနမှ အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။   

 အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများကို ပိတ်ဆို့စေရေး၊ ဆက် သွယ်မှုပြတ်တောက်အောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူများအား ဥပဒေနှင့် အညီစိစစ်ဖော်ထုတ် အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။