စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က တန်ပိုယာဉ် ဖြတ်သန်းခကောက်ခံရေးဂိတ်အား ဝင်ရောက်ဖျက်ဆီးမီးရှို့၍ ဂိတ်တာဝန်ကျ ကုမ္ပဏီဝန်ထမ်း များအား ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား ၁ ဦးဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က တန်ပိုယာဉ် ဖြတ်သန်းခကောက်ခံရေးဂိတ်အား ဝင်ရောက်ဖျက်ဆီးမီးရှို့၍ ဂိတ်တာဝန်ကျ ကုမ္ပဏီဝန်ထမ်း များအား ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား ၁ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က တန်ပိုယာဉ်ဖြတ်သန်းခကောက်ခံရေးဂိတ်အား ဝင်ရောက်ဖျက်ဆီးမီးရှို့၍ ဂိတ်တာဝန်ကျ ကုမ္ပဏီ ဝန်ထမ်းများအား ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာအနီး မုံရွာ-ယာကြီး-ကလေးဝသွားကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၃ ဖာလုံရှိ “မုံရွာအုပ်စု” ကုမ္ပဏီပိုင်ဆိုင်သည့် တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံရေးဂိတ်သို့ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား ၁၀၀ ဦးခန့်က မျက်နှာဖုံးများ စွပ်လျက် လက်နက်ကိုင်များကိုင်ဆောင်၍ ရောက်ရှိလာပြီး ဂိတ်တာဝန်ကျ ကုမ္ပဏီဝန်ထမ်းများ အား ကားလမ်းပေါ်တွင် ခေါင်းငုံ့ဒူးထောက်မှောက်ခိုင်းကာ တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံရေး ဂိတ်အဆောက်အဦ ၂ လုံးအား တုတ်၊ ဓား၊ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးတို့ဖြင့် ထုရိုက်ဖောက်ခွဲ ဖျက်ဆီး၍ ကုမ္မဏီဝန်ထမ်းများနေထိုင်သော အဆေက်အဦ ၄ လုံးနှင့် မော်တော်ယာဉ် ၂ စီးတို့အား ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၂ နာရီခွဲအချိန်တွင် အဆိုပါ PDF အကြမ်းဖက်အဖွဲ့များ ပြန်လည်ထွက်ခွာခဲ့ပါသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုကြောင့် အဆောက်အဦ ၆ လုံးနှင့် မော်တော်ယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက်သူများ၏ရိုက်နှက်မှုကြောင့် ကုမ္ပဏီဝန်ထမ်းအမျိုးသား ၁ ဦး တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်မှ တန်ပိုယာဉ်ဖြတ်သန်းခကောက်ခံရေးဂိတ်အား အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီး၍ ကုမ္ပဏီဝန်ထမ်းများအား အကြောင်းမဲ့ ရိုက်နှက်ခဲ့သည့် PDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အား ဖမ်းဆီးရမိရေး နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။