စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၌ Telenor ဆက်သွယ်ရေးတာဝါတိုင်တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၌ Telenor ဆက်သွယ်ရေးတာဝါတိုင်တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ

 
နေပြည်တော်၊ စက်တင်ဘာ ၈

 
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိ Telenor ဆက်သွယ်ရေးတာဝါတိုင်တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဝက်လက်မြို့နယ်၊ အုတ်ဖိုကုန်း ကျေးရွာအနီးတွင် စိုက်ထူထုတ်လွှင့်နေသည့် Telenor ဆက်သွယ်ရေးတာဝါတိုင်တစ်ခု၏ အောက်ခြေရှိ တာဝါတိုင်တွင် တပ်ဆင်အသုံးပြုထားသည့် စက်များအား လျှပ်စစ်ဓာတ်အားပေးသည့် ဘက္ထရီပုံးအောက်၌ အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်မိုင်းတစ်လုံးထောင်ကာ ဖောက်ခွဲ ခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။
ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် တာဝါတိုင်နှင့် ဘတ္ထရီအိုးများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရပြီး ဖောက်ခွဲရေးပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။