စစ်ကိုင်းမြို့နယ်၊ ညောင်းကုန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းမြို့နယ်၊ ညောင်းကုန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၅
    
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရေတွင်းကောင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနေ ဦးထွန်းတင် ပိုင်ဆိုင်သည့်မြေစိုက် နွားစာတဲအတွင်း၌ ဇူလိုင် ၂၄ ရက်ည ၁၁ နာရီခွဲခန့်တွင် ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင် ရာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီးမီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါမီးလောင်ပျက်စီးမှုများအား နယ်မြေခံတပ်မတော်သားများက ကူညီဖယ်ရှား ရှင်းလင်းပေးခြင်း၊ မီးဘေးသင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ထမင်းဘူးများ၊ ရေသန့်ဘူးများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။