စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ထပ်မံရက်တိုးမြှင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ထပ်မံရက်တိုးမြှင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ပေး/တင်သွင်းခြင်းကို ၃၁-၈-၂ဝ၂၁ ရက်နေ့အထိ နောက်ဆုံးထုတ်ယူ/တင်သွင်းရန် ကြော်ငြာ ထားရှိခဲ့သော်လည်း ယခုအခါ COVID-19ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများအရ ဗိုလ်လောင်းလျှောက်လွှာ ထုတ်ပေး/တင်သွင်းခြင်းကိုလည်း ၃ဝ-၉-၂ဝ၂၁ ရက်နေ့အထိ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်း လျှောက်လွှာများ ဆက်လက် ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်းနှင့် လျှောက်လွှာ ထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား  အချိန်မီပြန်လည်တင်သွင်းကြရန် အသိပေးအပ်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)