စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာရှိ ကြွီတဲချောင်းသဘာဝရေပြင်အတွင်းသို့ ရွှံ့ကဏန်း မျိုးများစိုက်ထည့်

စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာရှိ ကြွီတဲချောင်းသဘာဝရေပြင်အတွင်းသို့ ရွှံ့ကဏန်း မျိုးများစိုက်ထည့်

နေပြည်တော်၊ မေ - ၂၀

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ရွှံ့ကဏန်း မျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာ ကြွီတဲချောင်းကမ်းနံဘေး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရွှံ့ကဏန်းမျိုးစိုက် ထည့်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မျိုးစိုက်ထည့်မည့် ရွှံ့ကဏန်းမျိုးများအား ကြည့်ရှု ကြပြီး ရွှံ့ကဏန်းအကောင်ရေ ၅၀၀၀ ကို ကြွီတဲချောင်းသဘာဝရေပြင်အတွင်းသို့ မျိုးစိုက်ထည့်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရေချမ်း ပြင်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံနည်းပညာပူးပေါင်း ဆောင်ရွက်ရေး ရေငန်ပုဇွန်နှင့် ရွှံ့ကဏန်းမွေးမြူရေး ဗဟိုသရုပ်ပြစခန်းသို့ သွားရောက် ကြည့်ရှုကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။