စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

ဧရာဝတီတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည် အစည်း အဝေးကို ယနေနေ့လယ်ပိုင်းတွင် ပုသိမ်မြို့ရှိ စစ်မှုထမ်းဟောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနေသည့် ကာလအတွင်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စားရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ ဧရာ ဝတီခန်းမ၌ တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။