စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မသားစုဝင်များ၊ ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မသားစုဝင်များ၊ ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၃၁

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer လူမှုအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှှိ  အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ရန်ကုန်-၁)(မြိုင်သာယာ)နှင့် အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ(ရန်ကုန်-၂)(ကြက်ဖြူကန်)တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင် အိမ်ထောင်စု ၆၅၇ စုနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့ သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)ရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်အိမ်ထောင်စု ၁၆၆ စုတို့အတွက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက ဆန်၊ စားသောက်ဖွယ်ရာများနှင့် Mask များအား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း မိသားစုဝင်အိမ်ထောင်စု ၅၀ စုတို့အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများကလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်နေပြည်သူ အိမ်ထောင်စု ၂၀၀ စုတို့ အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။