စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ Volunteer လူမှုအသင်း အဖွဲ့များအား အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအားကြည့်ရှု

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ Volunteer လူမှုအသင်း အဖွဲ့များအား အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအားကြည့်ရှု

နေပြည်တော်၊ ဇူလိုင် - ၂၉

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer လူမှုအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နှင့် ဟိုပန်မြို့တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ကွမ်းလုံတပ်နယ်မှ တာဝန်ရှိသူများက ကွမ်းလုံမြို့၊ နယ်မြေခံ တပ်ခန်းမ၌ သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများဖြစ်သည့် Mask ၉၂၀၀ ခု၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ထားဝယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကိုဗစ်လူနာများစားရေး အဆင်ပြေစေရန်နှင့် ကူညီဆောင်ရွက်ပေးနေသည့် Volunteer လူမှုအသင်းအဖွဲ့များအတွက် ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့နယ်များရှိ သက်ဆိုင်ရာ ခန်းမများ၌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၃၀တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူတင်စကား များ ပြန်လည်ပြောကြားကြသည်။

ထို့အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ဆေးရုံများနှင့် ကိုဗစ်စတင်တာများတွင် တာဝန်ထမ်းဆောင်နေသော Volunteer လူမှုအသင်းအဖွဲ့များနှင့် ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိသော လူနာများအတွက် ယနေ့နံပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင်အိုးများနှင့် အလှူငွေကျပ်သိန်း ၁၀၀ ကိုထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက မန္တလေးမြို့ရှိ အေးရိပ်ငြိမ်သုဿန်နှင့် တောင်အင်းမြောက်အင်းသုဿန်တို့တွင် တာဝန်ထမ်းဆောင်နေသည့် မန္တလေး မြို့တော်စည်ပင်သာယာရေးဝန်ထမ်းများအတွက် PPE ဝတ်စုံ ၅၆ စုံနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၈ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်းစီ၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက် ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကား ပြောကြား ပြီး Mask များ၊ အားဆေးများ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်းပစ္စည်း များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။