စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုး၊ သီးနှံများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုး၊ သီးနှံများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ်- ၄

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် စားရေးအဆင်ပြေစေရန် အတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာရေးအခက်အခဲများဖြစ်ပေါ်ပြီး ဈေးကွက်တွင်းရောင်းချရန် အခက်အခဲများဖြစ်နေသည့် ဒေသခံပြည်သူများ၏ သီးနှံခင်းများမှ ဝယ်ယူခဲ့သည့် သီးနှံများကို လားရှိုးမြို့အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် နှင့် ထားဝယ်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများကလည်းကောင်း ယနေ့တွင် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။