စဉ့်ကူးမြို့နယ်အတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ရွှေကွမ်းဆွဲ ဘုရားဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

စဉ့်ကူးမြို့နယ်အတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ရွှေကွမ်းဆွဲ ဘုရားဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၉
    
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၃ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့နေ့လယ်ပိုင်း၌ လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါမြေငလျင် လှုပ်ခတ်မှုကြောင့် စဉ့်ကူးမြို့၊ အမှတ်(၂) ရပ်ကွက်၊ ရွှေကွမ်းဆွဲဘုရားဝန်းအတွင်းရှိ နှစ်ပေါင်း ၁၅၀ ခန့်က တည်ဆောက်ခဲ့သည့် ဓမ္မာရုံဟောင်းတစ်လုံးပြိုကျပျက်စီးခဲ့သည်။

အဆိုပါ ပြိုကျပျက်စီးခဲ့သည့်နေရာသို့ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပြိုကျပျက်စီးနေသည့် အုတ်ခဲများ၊ အပျက်အစီး များအား ရှေးမူမပျက် စနစ်တကျထိန်းသိမ်းနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိိသည်။