စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်/ကောလိပ်/ သိပ္ပံများ၏ နောက်ဆုံးနှစ် သင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ ပြန်လည် ဖွင့်လှစ်မည်

နေပြည်တော် မေ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် သင်ကြားပို့ချလျက်ရှိသည့် သင်တန်းအားလုံးကို COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအရ ကျောင်းပိတ် ရပ်နားခဲ့ရသည်။

ယခုအခါ COVID-19  ရောဂါကာကွယ်၊ တားဆီးရေး လုပ်ငန်းစဉ်များကြောင့် ရောဂါကူးစက် ပျံ့နှံ့မှုအတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီး ဖြစ်သဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့၏ နောက်ဆုံးနှစ်သင်တန်းများအား မေ ၂၄ ရက်တွင် လည်းကောင်း၊ ဘွဲ့လွန်သင်တန်းများအား ဇွန် ၁ ရက်တွင် လည်းကောင်း စတင်ဖွင့်လှစ်မည်ဖြစ်သည်။

အလားတူ သမဝါယမတက္ကသိုလ် (သန်လျင်)နှင့် သမဝါယမတက္ကသိုလ် (စစ်ကိုင်း)တို့၏ နောက်ဆုံးနှစ် သင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများကို လည်းကောင်း၊ စိုက်ပျိုးရေးသိပ္ပံများ၏ နောက်ဆုံးနှစ် သင်တန်းများကို လည်းကောင်း ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

ထို့ပြင် ကောလိပ် ၃ ခုကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။