စေတီပုထိုးနှင့် အခြေခံပညာကျောင်းတို့၌ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

စေတီပုထိုးနှင့် အခြေခံပညာကျောင်းတို့၌ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ယခုလ ၂၆ ရက်နေ့တွင် မိုးသည်ထန်စွာ ရွာသွန်းခဲ့ပြီး သောင်းရင်းမြစ်ရေ မြင့်တက်မှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေကျော်ဝင်ရောက်ခဲ့ကာ ရေပြန်လည်ကျဆင်းစဉ် ရွှံ့နွံနှင့် အမှိုက်များ တင်ကျန်ခဲ့သည့် မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင် မဟာရွှေမြင်တင် စေတီတော်ကြီး ပရိဝုဏ်အတွင်း/အပြင်နှင့် စာသင်ကျောင်း အတွင်း/အပြင်တို့ သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရွှံ့နွံများနှင့် အမှိုက်များ ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။