စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၁၀၅)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၀၅)

ရန်ကုန်မြို့ဓာတ်အားလိုအပ်ချက်ခန့်မှန်းခြင်း

ရန်ကုန်မြို့ရဲ့ ဓာတ်အားလိုအပ်ချက်ကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ ခန့်မှန်းချက်ကတော့ ၁၅ ရာခိုင်နှုန်းခန့် နှစ်စဉ် တိုးတက်လိုအပ်မယ်လို့ ခန့်မှန်းပေမယ့် အာရှဖွံ့ဖြိုးရေးဘဏ်ပညာရှင်တွေကတော့ ဒါဟာ အစပိုင်း ၅ နှစ်လောက်မှာ ဖြစ်နိုင်ပေမယ့် ဓာတ်အားထုတ်လုပ်မှု ဆက်တိုက်လုပ်လာရင် နောက်ပိုင်းက လုပ်ရမယ့် ပို့လွှတ်ရေး၊ ဖြန့်ဖြူးရေးကိစ္စတွေကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ဖို့ဆိုတာ မလွယ်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် နှစ်စဉ်နိုင်နိုင်နင်းနင်း ဖြည့်ဆည်းပေးနိုင်ဖို့ အနိမ့်၊ အလယ်အလတ်၊ အမြင့် လိုအပ်ချက်ဆိုပြီး လိုအပ်ချက်သုံးမျိုးနဲ့ ခန့်မှန်းခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဓာတ်အားသုံးစွဲမှုတိုးတက်နှုန်းခန့်မှန်းချက်

ဒီလိုအခြေအနေသုံးမျိုးပေါ်  အခြေခံပြီး  တွက်ချက်လိုက်တဲ့အခါ ရန်ကုန်တိုင်းဒေသကြီးထဲက လူတစ်ဦးချင်းစီရဲ့ ဓာတ်အားသုံးစွဲမှု နှစ်စဉ် ကီလိုဝပ်နာရီ(ယူနစ်)တွေဟာလည်း ၂၀၃၀ ပြည့်နှစ်အထိ နှစ်အလိုက် အောက်ပါအတိုင်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်အလိုက် လူတစ်ဦးစီ သုံးစွဲလာမည့် ဓာတ်အားခန့်မှန်းချက်

 

အခြားပြည်နယ်/တိုင်းဒေသကြီးများ ဓာတ်အားသုံးစွဲမှုခန့်မှန်းချက်

ရန်ကုန်မှအပ ကျန်ဒေသအားလုံးကိုတော့ သီးခြားစဉ်းစားပြီး ဓာတ်အားလိုအပ်ချက် သီးခြားစဉ်းစားပါတယ်။ ရလာတဲ့အဖြေကတော့ အောက်ကဇယားပါအတိုင်း တွေ့ရမှာပါ -

ရန်ကုန်မှအပ ကျန်ဒေသများ ဓာတ်အားလိုအပ်ချက်တိုးတက်မှုနှုန်း ခန့်မှန်းချက်

 

ဖော်ပြခဲ့တဲ့တိုးတက်မှုနှုန်းအတိုင်း ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်မယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ ရန်ကုန်မှအပ ကျန်တဲ့ဒေသအသီးသီးက ပြည်သူတွေရဲ့ တစ်နှစ်စာ ဓာတ်အားသုံးစွဲနိုင်မှု ကီလိုဝပ်နာရီ(ယူနစ်)ဟာလည်း အောက်ပါအတိုင်း ဖြစ်ပေါ်လာမှာပါ။

ရန်ကုန်မှအပ ကျန်ဒေသများ နှစ်အလိုက် လူတစ်ဦးစီ သုံးစွဲလာမည့် ဓာတ်အားခန့်မှန်းချက်

 

တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်

ဖော်ပြခဲ့တဲ့ နှစ်ပိုင်းစဉ်းစားထားမှုအပေါ် တစ်နိုင်ငံလုံးအတွက် တပေါင်းတစည်းတည်း စဉ်းစားလိုက်ရင် အောက်ကဇယားမှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပေါ်လာမှာပါ။

တစ်နိုင်ငံလုံး ဓာတ်အားတိုးတက်လိုအပ်ချက်ကာလ

ဖော်ပြခဲ့တဲ့ အင်အားများဟာ အခြေအနေများအလိုက် နေ့တစ်နေ့ရဲ့ အမြင့်ဆုံးလိုအပ်ချိန် (Peak Hour) များမှာ သုံးစွဲမယ့်ဓာတ်အား ခန့်မှန်းချက်များသာဖြစ်ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး ဒီအမြင့်ဆုံးဝန်အားကို ထမ်းနိုင်အောင် အရင်းအမြစ်အလိုက် ဘယ်အချိုးနဲ့ ဘယ်

လောက်အင်အားရှိတဲ့စက်တွေ တပ်ဆင်ထားကြမလဲဆိုတာ အသေးစိတ်ထပ်မံတွက်ချက်သွားပါမယ်။

နှစ်အလိုက်ရှိသင့်သော ဓာတ်အားထုတ်လုပ်မှု

နိုင်ငံတစ်နိုင်ငံရဲ့ ဓာတ်အားသုံးစွဲမှု တိုးတက်နှုန်းခန့်မှန်းရာမှာ ဘက်စုံစဉ်းစားရတာဖြစ်ပါတယ်။ နှစ်စဉ် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုနှုန်း (GDP Growth)၊ လူဦးရေတိုးတက်နှုန်း (Population Growth) တို့နဲ့ လိုက်လျောညီထွေရှိမယ့်ထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုအတွက် ရည်မှန်းချက်တွေကို ချရတာဖြစ်ပါတယ်။ ဒါကို အမျိုးသားစွမ်းအင်မဟာဗျူဟာရေးဆွဲစဉ်က အာရှဖွံ့ဖြိုးရေးဘဏ်က အသေးစိတ်တွက်ချက်ခဲ့တဲ့ ရန်ကုန်နဲ့နယ်မြို့များရဲ့ ဓာတ်အားလိုအပ်ချက်ကို တိုးတက်မှုနှုန်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်အစီရင်ခံစာမှာ ဖော်ပြချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲ့ အမြင့်ဆုံး နှစ်စဉ်ပျမ်းမျှတိုးတက်မှုဟာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ကျန်ဒေသများရဲ့ နှစ်စဉ်အမြင့်ဆုံး ပျမ်းမျှတိုးတက်မှုကို ၁၁ ဒသမ ၇ ရာခိုင်နှုန်းသာ ခန့်မှန်းပါတယ်။ ဒါတွေဟာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ မိမိတို့နဲ့အခြေအနေတူကာလတွေက ဆောင်ရွက်ခဲ့တဲ့နှုန်းထက်မလျော့တဲ့ ရာခိုင်နှုန်းပါ။ ဒါကြောင့် စာရေးသူဟာ တစ်နိုင်ငံလုံး နှစ်စဉ် ဓာတ်အားထုတ်လုပ်မှု ပျမ်းမျှတိုးတက်နှုန်းကို ၂၀၃၀-၂၀၃၁ ခုနှစ်အထိ နှစ်အလိုက် ၁၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအတွင်းသာ တွက်ချက်ခန့်မှန်းပါတယ်။  ဒီတိုးတက်မှုနှုန်းဟာ  ထုတ်လုပ်မှု၊  ပို့လွှတ်မှု၊  ဖြန့်ဖြူးမှုအားလုံးကို နိုင်နိုင်နင်းနင်းလုပ်စေနိုင်မယ့် တိုးတက်မှုနှုန်းခန့်မှန်းချက်ပါ။ နှစ်စဉ် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနဲ့ နှစ်စဉ် လူဦးရေ တိုးတက်မှုနှုန်းနဲ့ပါ အံဝင်ခွင်ကျ စဉ်းစားထားတာပါ။ ပြီးခဲ့တဲ့ကာလတို ၂ နှစ်၊ ၃ နှစ်စာကြည့်ပြီး ရှေ့နှစ်တွေအတွက် ခန့်မှန်းတာမျိုးလည်း လုပ်လို့မရပါဘူး။ တကယ်လက်တွေ့ ပြည်သူတွေလက်ထဲ ဓာတ်အား စနစ်တကျအရောက်ပို့နိုင်စေမယ့် ခန့်မှန်းမှုကို စနစ်တကျတွက်ပြီး ပြောရမှာပါ။

ဆက်လက်ဖော်ပြပါမည်။