ဆူပူဆန္ဒပြရာတွင်အသုံးပြုသည့်လက်လုပ်ဒိုင်းများနှင့် ဆက်စပ်ပစ္စည်းများအားပြုလုပ်ရောင်းချသူ နှင့်အတူဖမ်းဆီးရမိ

ဆူပူဆန္ဒပြရာတွင်အသုံးပြုသည့်လက်လုပ်ဒိုင်းများနှင့် ဆက်စပ်ပစ္စည်းများအားပြုလုပ်ရောင်းချသူ နှင့်အတူဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၄

နိုင်ငံတော်အစိုးရဆန့်ကျင်လျက်ရှိသည့် ဆူပူအကြမ်းဖက်အုပ်စုများက အချို့မြို့နယ်များတွင် ဆူပူအကြမ်းဖက်မှုများကိုပိုမိုအရှိန် မြှင့်စေရန် ရည်ရွယ်ချက်ဖြင့်လူစုလူဝေးများအတွင်း အသုံးပြုရန် အတွက် ခါတော်မှီ ကိုယ်ကျိုးရှာစီးပွားရေးသမားများမှ လက်လုပ်ဒေသန္တရပစ္စည်းများ ကိုတီထွင် ရောင်းချနေကြကြောင်းသိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်နယ်မြေ(၈)၊ ဗိုလ်တေဇလမ်းနှင့် ၃၄ လမ်းထောင့်  (ဖိုးတွဲ)တွင်ခုံလုပ်ငန်းတွင် ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် လက်လုပ်ဒိုင်းများပြုလုပ်နေကြောင်း သတင်းအရမတ် ၁၃ ရက် ညနေ ၆ နာရီခန့်တွင် သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာတွင် ခုံပိုင်ရှင်ဖြစ်သူသန့်ဇင်ဦး ၄၅ နှစ်၊ (ဘ)ဦးတင်ညွန့်ကိုအသင့်ပြုလုပ်ပြီးအနက်ရောင် သံပြား ဒိုင်းကာ ၇ ခု၊ နီကယ်ရောင် စတီးဒိုင်းကာ၉ခု၊ဖြတ်စက် ၁ ခု၊ ဆေးဘူးများ၊ ဆက်စပ်ပစ္စည်းများ နှင့်အတူဖမ်းဆီးရမိခဲ့သည်။
    
အလားတူဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက် ဓမ္မစေတီလမ်း ရှိလူမနေသည့် အိမ်ဟောင်းတစ်လုံးတွင်လည်းဆူပူဆန္ဒပြမှုများတွင် အသုံးပြုသည့် ဒိုင်းများ သိမ်းဆည်းထားရှိကြောင်းသိရှိရသဖြင့် မတ် ၁၃ ရက် ညနေပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များကသွားရောက်သိမ်းဆည်းခဲ့ရာဆူပူဆန္ဒပြမှုများတွင် အသုံးပြုသည့် ဒိုင်း ၁၀ ခုကိုသိမ်းဆည်း ရမိခဲ့ပြီးထိုသို့ သိမ်းဆည်းနေစဉ် ၎င်းအိမ်အနောက်ဘက်တွင် နေထိုင်သူများကလုံခြုံရေး တပ်ဖွဲ့ဝင်များ ကို ဟန့်တားနှောက်ယှက်ခဲ့ ဖြင့်တာဝန်ချိန် ဝတ္တရား နှောက်ယှက်သူ ၄ ဦးအား ဥပဒေအရ ဆောင်ရွက်နိုင်ရေး ထိန်းသိမ်းခဲ့သည်။
    
ဆူပူဆန္ဒပြမှုများတွင် အသုံးပြုရန်ရည်ရွယ်ပြုလုပ်ထားရှိပြီးတရားမဝင်ပစ္စည်းများ လက်ဝယ် ထား ရှိသူသန့်ဇင်ဦးအားမုံရွာမြို့မရဲစခန်းတွင် ဥပဒေအရအမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။