ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၄

 

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁၃ ရက် တွင် ညောင်ရွှေမြို့နယ်၊ ညောင်ဖြူကျေးရွာရှိ ဇော်ဝင်းလေး(ခ)ဝေဠု(ဘ)ဦးဝင်းမောင် ၏ နေအိမ်၌ တူမီးသေနတ် ၁ လက်၊ မီးပုလင်း ၂၆ လုံးအခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ဓနုဖြူမြို့၊ မြို့ဝင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့က ရန်ကုန်မြို့မှ ကြံခင်းမြို့သို့ ဇော်မျိုးထက်(ဘ)ဦးလှတင် မောင်းနှင်၍ စိုးမင်းဟန် (ဘ)ဦးချစ်လှ လိုက်ပါလာသည့် ရွှေတော်ဝင်မှန်လုံခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ စက္ကူပုံအတွင်းမှ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများ၊ လက်လုပ်ဗုံး ၁ လုံးနှင် ဆက်စပ်ပစ္စည်းများအားလည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

 

ထို့ပြင် ဧပြီ ၁၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက်နေ့က တာချီလိတ် မြို့နယ်၊ မယ်ရမ်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိသည့် “ဒို့ညီနောင် ခရီးသည် တင်ယာဉ်ပေါ်မှ လေသေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဝင်းဇော်ဦး (၃၇)နှစ် (ဘ)ဦးစွယ်ဘွား မှ လာရောက်ထုတ်ယူစဉ် ဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နေ့လယ် ၁ နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ ဝမ်မိုင်ကျေးရွာရှိ ဝင်းဇော်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ လေသေနတ် ၁ လက်၊ ဂက်စ်သေနတ် ၁ လက်နှင့် ဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ ည ၁၂ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ အောင်ကျော်စိုး (၄၆)နှစ် (ဘ)ဦးတင်ဦး ၏နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ် အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ထို့ပြင် မုံရွာမြို့၊ အလုံရပ်ကွက်၊ မုံရွာ-ဂန့်ဂေါလမ်းဆုံ၌ မသင်္ကာဖွယ်အထုပ် ၁ ထုပ်တွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ယနေ့ညနေပိုင်း တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အချင်း ၂ လက်မ၊ အရှည် ၁၀ လက်မခန့်ရှိ လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အများပြည်သူများ အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။