ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုက်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၂၀

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကျောင်းအိုးရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၌ လက်လုပ်ဗုံးပေါက်ကွဲ မှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ ဘုရားလမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦး က မြို့နယ်စည်ပင်ရုံးဝင်းအတွင်းသို့ လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ခဲ့၍ ရုံးဝင်းအတွင်းနေ ဦးအောင်မြင့်ဌေး၏ နေအိမ်လိုင်းခန်းအနီးသို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ၁ လုံးမှာ ပေါက်ကွဲ ခြင်းမရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ပြီး နံနက် ၉ နာရီ ၂၅ မိနစ်အချိန်တွင် အဆိုပါရုံး ခြံစည်းရိုး အပြင်ဘက် လမ်းဘေးရေမြောင်းအတွင်း၌ လက်လုပ်ဗုံး ၁ လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံစုံစမ်းစဉ် နံနက် ၉ နာရီ ၄၀ မိနစ် အချိန်တွင် ပြည်မြို့ ဆေးရေးရပ်ကွက်၌ မသင်္ကာဖွယ်အမျိုးသား ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး နောက်မှ ထိုင်၍ လိုက်ပါလာသူ ထွန်းဘုန်းမြင့်မြတ်(၂၃)နှစ် ရွှေဘဲရပ်ကွက်၊ ပြည်မြို့နေသူအား ဖမ်းဆီးရမိ ခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုတွင် ၎င်းနှင့်အတူ ပူးပေါင်းပါဝင်ပြုလုပ် သူများဖြစ်သည့် အောင်ဖြိုးထက်၊ ဟိန်းမြတ်နှင့် ထွန်းလတ်တို့ ၃ ဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ထွန်းလတ်၏ နေအိမ်အတွင်းမှ လက်လုပ်မိုင်း ၁၂ လုံး၊ ရီမုမိုင်း ၃ လုံး၊ ရီမုခလုတ် ၃ ခု၊ အက်ဆစ် ၄ လီတာ၊ ကန့်မှုန့် ၄ ထုပ်၊ မီးသွေးမှုန့် ၁ ထုပ်၊ ဖူဂျီဆပ်ပြာဘူးဖြင့် ထည့်ထားသည့် ယမ်း ၂ ဘူး၊ မူလီချောင်း ၁ ဘူး၊ ဒရုန်း ၂ စင်း(မကောင်း)၊ PVC ပိုက် အပိုင်းအစ ၃၅ ခု၊ YGN-1E/5759 HIJET ယာဉ် ၁ စီးနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လွယ်ဘွားလ် ရပ်ကွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းဘေး၌ လက်လုပ်မိုင်းပေါက်ကွဲ၍ ကလေး ၁ ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လျန်မွန်းစန်(၁၀)နှစ် လွယ်ဘွားလ်ရပ်ကွက်နေသူသည် ဈေးဆိုင်မှ CD ခွေဝယ်ယူပြီး နေအိမ်သို့ ပြန်လာစဉ် ကျောင်းရှေ့အရောက်၌ ကတ်ထူစက္ကူပုံး ၁ ခုအား တွေ့ရှိ၍ ဆွဲယူကြည့်ရာမှ ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပြီး ၎င်းအနီးတွင် လက်လုပ်မိုင်းပြုလုပ်ရာ၌ အသုံးပြုသည့် ကော်ကြွပ် အပိုင်းအစ ၃ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အလားတူ ည ၈ နာရီ ၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာရှိ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အကြမ်းဖက်သူအမျိုးသား ၂ ဦး က ဆိုင်ကယ် ၁ စီးဖြင့် ရုံးရှေ့သို့ မောင်းနှင်ရောက်ရှိလာကာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး လက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိနေသည့် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးရွှေဇင်(၄၆)နှစ် (ဘ)ဦးဟုတ်ခင်၊ ဖြိုးမင်းအောင်(၂၈)နှစ် (ဘ)ဦးဘို၊ သန်းထွဋ်(၅၁)နှစ် (ဘ)ဦးအောင်သန်း၊ ဒေါ်ပုလဲစိန်(၄၅)နှစ် (ဘ)ဦးခနှင့် မယွန်းနဒီဖြိုး(၅)နှစ် (ဘ)ဦးဖြိုးမင်းအောင်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့ သဖြင့် ဆေးဝါးကုသနိုင်ရေး အတွက် ဦးရွှေဇင်ပါ အမျိုးသား ၃ ဦးအား ရေးမြို့ပြည်သူ့ ဆေးရုံသို့ လည်းကောင်း၊ ဒေါ်ပုလဲစိန်နှင့် မယွန်းနဒီဖြိုးတို့အား မော်လမြိုင်ပြည်သူ့ဆေးရုံသို့လည်းကောင်း ပို့ဆောင်ပေးခဲ့သည်။

အလားတူ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတံခါး ရပ်ကွက်၊ အပိုင်း(၁)ပျားဂေဟာလမ်းထောင့်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၏ အနောက်ဘက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦး က PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့၍ ရုံးနှင့် မီတာ ၁၀၀ ခန့်အကွာ လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးရှိ ရွှေတံခါးရပ်ကွက်နေ ဦးသန်းအေး(၆၂)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ဒေါ်မိုးမိုးခိုင် (၄၈)နှစ် (ဘ)ဦးစံသိန်းတို့တွင် ဗုံးစထိမှန်ဒဏ်ရာအသီးသီးရရှိ ခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ ယနေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ မြို့မရဲစခန်း၏အရှေ့ ကိုက် ၅၀ ခန့်အကွာ အောင်ဇေယျ လမ်းနှင့် အမှတ်(၂)လမ်းမကြီးထောင့်၌ မသင်္ကာဖွယ် Bluetooth ဆောင်းဘောက် ၁ လုံးမှ အသံများထွက်နေသဖြင့် သွားရောက်စစ်ဆေးစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၁ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး သင်္ဃန်းကျွန်း(စံပြ)ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခင်းဖြစ်နေရာအား စစ်ဆေးရာ Bluetooth ဆောင်းဘေက်အပိုင်းအစများ၊ ကီးပက်ဖုန်းအပိုင်း အစများတွေ့ရှိခဲ့ရကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။