ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဩဂုတ် ၂၉

အကြမ်းဖက်သူများအနေဖြင့် အများပြည်သူထိခိုက်စေရန်အတွက် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအားလုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာဝတီကျေးရွာရှိ အစိုးရနည်း ပညာတက္ကသိုလ် “မြမဉ္ဇူ” အမျိုးသမီးအဆောင်အား လက်လုပ် မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် “မြမဉ္ဇူ”အဆောင်၏ ပြတင်းတံခါးမှန် ၅ ချပ်နှင့် အုတ်နံရံ ၁ ပေပတ်လည်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၁၁၂ လမ်းထောင့်တွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးလျက်ရှိသည့် နယ်ကျော်စစ်ဆေးရေးဂိတ် အနီး တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီး လမ်းပေါ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ နောက်ဝဲ/ယာလေကာမှန်တို့ ကွဲအက် ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။
ယခုကဲ့သို့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအား ထိခိုက်စေရန် အကြမ်းဖက်လုပ် ဆောင်ခဲ့သူများနှင့် ဆက်စပ်နေသူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။