ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းများ ခေါ်ယူခြင်း

ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းများ ခေါ်ယူခြင်း

၁။ လျှောက်ထားသူသည်-

   (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ အမျိုးသမီး(အပျို) ဖြစ်ရမည်။

   (ခ) ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၃ဝ နှစ်ထက်မကြီးရ။

   (ဂ) အနည်းဆုံးအရပ် ၅ ပေ၊ ၃လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁ဝဝ ထက်မနည်းရ၊ ပေါင် ၁၃ဝ ထက်မကျော်ရ။

   (ဃ) (M.B.B.S)သို့မဟုတ် (B.D.S)ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ ဘွဲ့လက်မှတ်(မူရင်း)အား တင်ပြနိုင်ရမည်။

၂။ သက်ဆိုင်ရာ တက္ကသိုလ်မှ (Grading Certificate)အမှတ်စာရင်း ပါရှိရမည်။

၃။ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ပါရှိရမည်။

၄။ လျှောက်လွှာများကို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးနှင့် မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူနိုင်သည်။

၅။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံ ပူးတွဲတင်ပြရမည်။

၆။ တပ်မတော်မှ လေ့ကျင့်သင်ကြားမှုစနစ်အတိုင်း  လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။

၇။ လျှောက်လွှာနှင့်အတူ ပါရှိသော ဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတွင် ပဏာမကျန်းမာရေး စစ်ဆေး အောင်မြင်သူဖြစ်ရမည်။

၈။ လျှောက်လွှာကို ၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ထုတ်ပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူရရှိသော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး(သို့မဟုတ်) သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တစ်ဆင့်  စစ်ရာထူးခန့်ချုပ်ရုံး၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)သို့ပေးပို့ကြရမည်။

၉။ သတ်မှတ်အရည်အချင်း ပြည့်မီသော လျှောက်လွှာရှင်များအား တပ်မတော် ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် အချိန်မီပေးပို့သွားမည်။

၁ဝ။ သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက် ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ မိမိတို့လျှောက်လွှာ တင်သွင်းသည့်ဌာနတွင် ရွေးချယ်ခြင်း ခံရသည်/မခံရသည်ကို သွားရောက်စုံစမ်း မေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)