ဇေယျာသီရိမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်

ဇေယျာသီရိမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၅
    
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ အဖွဲ့ခေါင်းဆောင်တစ်ဦးက လက်ခံရယူသည်။ ထို့ပြင်  ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား နယ်မြေခံဆေးကုသရေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထိုသု့ိဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှု အားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။