တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် ၁၄၆ သန်းခန့်ရရှိ

တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် ၁၄၆ သန်းခန့်ရရှိ

ရန်ကုန်စတော့အိတ်ချိန်း၌  သြဂုတ် ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ်တာ ကာလအတွင်း    စာရင်းဝင်ကုမ္ပဏီခုနစ် ခု၏    အစုရှယ်ယာ ရောင်းဝယ်မှုများမှ ငွေကျပ် ၁၄၆ သန်းခန့်ရရှိကြောင်း ရန်ကုန် စတော့အိတ်ချိန်း၏ စာရင်းများအရ    သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း  စာရင်းဝင် ကုမ္ပဏီခုနစ်ခုမှ သြဂုတ် ၂၃ ရက်မှ  ၂၇ ရက်အထိ   တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာအစောင်ရေ   ၂၁၈၁၄ စောင်မှ  စတော့ရှယ်ယာတန်ဖိုး ငွေကျပ်  ၁၄၅၇၇ဝ၁ဝဝ ရရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ဘဏ်များ ယာယီပိတ်ခဲ့သည့်အတွက် စတော့အိတ်ချိန်း အရောင်းအဝယ်ကို  ၁ဝ ရက် ယာယီပိတ်ခဲ့ပြီးနောက် သြဂုတ်၂၃ ရက်က  အရောင်းအဝယ်ပြန်လည်ပြုလုပ်ခဲ့ ခြင်းဖြစ်ကာ ယင်းကာလမတိုင်မီကထက် ပိုမိုအရောင်းအဝယ်ဖြစ်ခဲ့သည်။

သြဂုတ် ၂၃ ရက်မှ  ၂၇ ရက်အထိ တစ်ပတ်တာကာလအတွင်း     စာရင်းဝင် ကုမ္ပဏီများ၏ အရောင်းအဝယ်ပြုလုပ်မှု အနေဖြင့်   First Myanmar Invest-ment  Public  Co.,  Ltd. (FMI)  က  စတော့ရှယ်ယာအစောင်ရေ    ၁၃ဝ၈၄  စောင်မှ စတော့ရှယ်ယာတန်ဖိုး  ငွေကျပ် ၁၁၆၆၅၈၈ဝဝ   အရောင်းအဝယ်ဖြစ်ခဲ့သည်။

Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) အနေဖြင့် စတော့ရှယ်ယာ အစောင်ရေ  ၈၁၂၅ စောင် မှ   စတော့ရှယ်ယာတန်ဖိုး   ငွေကျပ်  ၂၆၄၈၂၃ဝဝ   အရောင်းအဝယ်ဖြစ်ခဲ့သည်။ Myanmar Citizens Bank Ltd.(MCB)  အနေဖြင့်   စတော့ရှယ်ယာ အစောင်ရေ  ၂ဝ မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၁၉၅ဝဝ အရောင်းအဝယ်ဖြစ် ခဲ့သည်။

First Private Bank Ltd.(FPB)အနေဖြင့်  စတော့ရှယ်ယာအစောင်ရေ  ခြောက်စောင်မှ  စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၁၁၈ဝဝဝ အရောင်းအဝယ်ဖြစ်ခဲ့သည်။ TMH Telecom Public Co., Ltd. အနေဖြင့် စတော့ရှယ်ယာ အစောင်ရေ  ၁၁  စောင်မှ စတော့ရှယ်ယာ တန်ဖိုး ငွေကျပ်  ၂၉၇ဝဝ အရောင်းအဝယ်ဖြစ် ခဲ့သည်။

Ever Flow River Group Public Co., Ltd.အနေဖြင့်   စတော့ရှယ်ယာ အစောင်ရေ ၂၁၈ စောင်မှ စတော့ရှယ်ယာ တန်ဖိုး  ငွေကျပ်   ၆၇၅၉ဝဝ  အရောင်း အဝယ်ဖြစ်ခဲ့သည်။

သတ္တမမြောက်  စာရင်းဝင် ကုမ္ပဏီဖြစ် သည့် Amata Holding Public Co., Ltd. အနေဖြင့်  စတော့ရှယ်ယာအစောင် ရေ   ၃၅ဝ  မှ   စတော့ရှယ်ယာတန်ဖိုး  ငွေကျပ် ၁၆၈၅၉ဝဝ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။