တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့အား အကြမ်းဖက်သူ ၁ ဦးက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့အား အကြမ်းဖက်သူ ၁ ဦးက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်

နေပြည်တော်၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုမလိုလားသည့် NUG၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကိုပါ ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ တနင်္သာရီမြို့နယ်၊ အမှတ်(၉)ကျေးရွာထိပ်၌ ကျေးရွာအုပ်ချုပ်ရေး မှူး ဦးအေးမင်းကို(ဘ)ဦးအေးကို ပါဝင်သောပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေး လုပ်ငန်းများဆောင်ရွက်နေစဉ် စက်တင်ဘာ ၂၁ ရက် ည ၇ နာရီခန့်တွင် မောတောင်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား ၁ ဦးမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးအေးမင်းကိုတွင် ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာနှင့် အနီးတွင် ရှိနေသူ မျိုးဇော်(၃၉)နှစ် (ဘ)ဦးသန်းရွှေတွင် ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့သဖြင့် ဆေးဝါး ကုသနိုင်ရေး မောတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးအေးမင်းကိုမှာ သေဆုံးသွားခဲ့ ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် ထွက်ပြေးသွားသူအား အမြန် ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။