တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၆
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များ၊ သာသနာနွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် လယ်ဝေးမြို့ ဘိုးဘွား ရိပ်သာသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်းသည့် အလှူငွေ ၁၂၆၀၀၀၀၀ ကျပ်၊ ဆန် ၄၇၉ အိတ် ၈ ပြည်၊ ဆီ ၁၄၉ ဒသမ ၂၀ ပိဿာ၊ ပဲ ၁၄၉၂ ပိဿာ၊ ဆား ၁၄၉၂ ပိဿာ၊ လက်သန့် ဆေးရည် ၁၅၁၂ ဘူး၊ လက်ဆေးဆပ်ပြာ ၂၅၂ ဘူးနှင့် ဆေးမျိုးစုံ ၁၅၂၄ ဘူးတို့ကို နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ လယ်ဝေးတပ်နယ်မှ တာဝန်ရှိသူများက ပေါက်မြိုင်ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တဇာနေယ အမှူးပြုသော သံဃာတော်များထံဆက်ကပ် လှူဒါန်းသည်။ 

ထို့နောက် နယ်မြေခံတပ်မတော်သားများက သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်း များ အသီးသီးသို့ လိုက်လံပို့ဆောင်၍ ဆက်ကပ်လှူဒါန်းပေးသည်။
    
အလားတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တော်တိုက် ရပ်ကွက်ရှိ တောတိုက်ဓမ္မရိပ်သာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။